တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း

****************************************************************************************

၂၁.၁.၂၀၂၁၊ ထားဝယ်

ယနေ့နေ့လည်(၁၄၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယပုံမှန်အစည်းအဝေးမှ (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ ကတိကဝတ်သက်ရောက်သည့် အဆို/ မေးခွန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ့သည့်မေးခွန်းအား ကတိကဝတ်သက်ရောက်မှု ရှိ/မရှိကို လည်းကောင်း ညှိနှိုင်းအစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် များမှ ညှိနှိုင်းဆွေးနွေးခဲ့ပြီး (၁၅၃၀)နာရီအချိန်တွင် အစည်းအဝေးပြီးစီးခဲ့ပါသည်။