ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော်နှစ်ရပ်ပါဝင်သည်-
(က) ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊
(ခ) ပုဒ်မ ၁၄၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသား လွှတ်တော်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၆၅၇) ဦး
(က) ပြည်သူ့ရွေးကောက်ခံ - ၃၂၃ ဦး
(ခ) ပြည်သူ့တပ်မတော်သား - ၁၁၀ ဦး
(ဂ) အမျိုးသားရွေးကောက်ခံ - ၁၆၈ ဦး
(ဃ) အမျိုးသားတပ်မတော်သား - ၅၆ ဦး