၂၄ |
ဦးဆွေမြင့်(ခ)မန်းဆွေမြင့် ဘုတ်ပြင်း မဲဆန္ဒနယ်
အမှတ်(၁) (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) |
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း တောဆင်ရိုင်းများ တစ်နေ့တစ်ခြား များပြားလာပြီး ဒေသအတွင်းရှိ ဆီအုန်းခြံများ၊ ဥယျာဉ်ခြံများ၊ စပါးခင်းများကို စားသောက်ဖျက်ဆီးရုံမျှမဟုတ်ပဲ တောင်သူများ၏ အသက်အိုးအိမ် အန္တရာယ်များကို ထိခိုက်မှုများ ဖြစ်ပေါ်နေ၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြည်သူတို့၏ လုပ်ငန်းခွင်များနှင့် အသက် အိုးအိမ်လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲထား ခြင်းရှိ/မရှိနှင့် ရှေ့ဆက်ပြီး မည်ကဲ့သို့ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့်မေးခွန်း။
|
သယံဇာတ/ပတ်ဝန်းကျင် |
---------------------
---------------------
|
|
၂၃ |
ဦးရဲမြင့်ဆွေ တနင်္သာရီ မဲဆန္ဒနယ်
အမှတ်(၂) (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) |
တနင်္သာရီမြို့ဟောင်းအား ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်မှုကြောင့် တနင်္သာရီမြို့ရှိ ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြေလည်အောင် မည်သို့ ဖြေရှင်းပေးမည်နှင့် ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်မှုအား ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။
|
လူမှု/စည်ပင် |
----------------------
----------------------
|
|
၂၂ |
ဦးဗိုလ်ထွေး လောင်းလုံ မဲဆန္ဒနယ်
အမှတ်(၁) နဝမပုံမှန် (စတုတ္ထနေ့) |
အခြေခံပညာမူလတန်းကျောင်းများတွင် စတင် အပ်နှံနိုင်သည့် KGကျောင်းသူ/သားများ၏ အသက် ကန့်သတ်ချက်ကို မည်ကဲ့သို့သတ်မှတ်ထားသည် ကို သိရှိလိုကြောင်းမေးခွန်း။
|
လူမှု/စည်ပင် |
---------------------
---------------------
|
|
၂၀ |
ဦးဆွေမြင့်(ခ)မန်းဆွေမြင့် ဘုတ်ပြင်း မဲဆန္ဒနယ်
အမှတ်(၁) နဝမပုံမှန် (ဒုတိယနေ့) |
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ကျောက်တန်းကျေးရွာအား မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်ဖြင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စနစ်ကျသော ပြည်ထဲရေး အမည်ပေါက်ကျေးရွာတစ်ရွာ ဖြစ်မြောက်စေရန် ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/ မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။
|
စီမံ/ဘဏ္ဍာ |
----------------------
----------------------
|
|
၁၉ |
ဦးရဲမြင့်ဆွေ တနင်္သာရီ မဲဆန္ဒနယ်
အမှတ်(၂) နဝမပုံမှန် (စတုတ္ထနေ့) |
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအား အုတ်ခြံစည်းရိုးကာရန် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။
|
လူမှု/စည်ပင် |
---------------------
---------------------
|
|
၁၈ |
ဦးရဲမြင့်ဆွေ တနင်္သာရီ မဲဆန္ဒနယ်
အမှတ်(၂) နဝမပုံမှန် (စတုတ္ထနေ့) |
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဖွင့်လှစ်ထားသော ပြန်ကြားရေးစာကြည့်တိုက် တွင် အင်တာနက် လိုင်းချိတ်ဆက်၍ စာဖတ်သူများ Online စာပေများ လေ့လာနိုင်ရန်အတွက် အခမဲ့ Wifi အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေး နိုင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။
|
သယံဇာတ/ပတ်ဝန်းကျင် |
---------------------
---------------------
|
|
၁၇ |
ဦးဆွေမြင့်(ခ)မန်းဆွေမြင့် ဘုတ်ပြင်း မဲဆန္ဒနယ်
အမှတ်(၁) သတ္တမပုံမှန် (ပဉ္စမနေ့) |
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ပတ်သက်သော ဂျင်းခရုများ၊ မွေးမြူထုတ်လုပ် ဖမ်းဆီးရောင်းချနိုင်ရေးအတွက် အရင်းအနှီးရှိသော တနိုင်တပိုင်လုပ်ငန်းရှင်များအား ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းအရ မည်ကဲ့သို့ စီမံ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/ မရှိ သိရှိလို ကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။
|
စီမံ/ဘဏ္ဍာ |
----------------------
----------------------
|
|
၁၆ |
ဦးဗိုလ်ထွေး လောင်းလုံ မဲဆန္ဒနယ်
အမှတ်(၁) ပဉ္စမပုံမှန် (ပဉ္စမနေ့) |
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်း ကြိုကျောင်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ စီမံခန့်ခွဲနိုင် သော အစိုးရမူလတန်းကြိုကျောင်းအဖြစ် ဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်း သည့် မေးခွန်း။
|
လူမှု/စည်ပင် |
---------------------
---------------------
|
|
၁၅ |
ဦးကြည်စိုး ရေဖြူ မဲဆန္ဒနယ်
အမှတ်(၂) ပဉ္စမပုံမှန် (ပဉ္စမနေ့) |
ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ထားဝယ်မြို့ဧရိယာ တိုးချဲ့ရေးစီမံကိန်းအတွက် သိမ်းဆည်းခံရသော လယ်ယာမြေအချို့နှင့် ပတ်သက်၍ နစ်နာမှုများမဖြစ်စေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် လယ်သမားများအကြား ဖြစ်ပေါ်နေသော လယ်ယာမြေအငြင်းပွားမှု ပြဿနာ များကို စုံစမ်းဖြေရှင်းနိုင်ရန် သီးခြားလွတ်လပ်သည့် ကြားခံအဖွဲ့အစည်း (Third Party)တစ်ရပ် ဖွဲ့စည်း၍ ပြေလည်အောင်ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း။
|
စိုက်ပျိုး၊ မွေးမြူရေး/ဆည်မြောင်း |
|
|
၁၄ |
ဒေါ်ရီရီချို မြိတ် မဲဆန္ဒနယ်
အမှတ်(၂) ပဉ္စမပုံမှန် (ပဉ္စမနေ့) |
တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးဖမ်းဧရိယာ များစွာရှိသည့်အလျောက် မြန်မာ့စီးပွားရေးကို ဦးမော့လာအောင် ပြည်သူလူထုက ဝိုင်းဝန်းကြိုးပမ်း နေချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငါးစျေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ငါးလေလံဈေး နှင့် ငါးဈေးများဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။
|
စိုက်ပျိုး၊ မွေးမြူရေး/ဆည်မြောင်း |
----------------
----------------
|
|